Music Instrumental

အပျင်းပြေ ကစားမလား ?



Saturday, July 12, 2008

ရပ်နားခြင်း

ကျွန်တော် ပိုစ့်တွေ ခဏရပ်နားထားပါမယ် ... အကြောင်းအရင်းကတော့ ..
အွန်လိုင်းမလာဖြစ်တာရယ် .. .အချိန်မရတာရယ်ပေါ့ဗျာ ...

အားလုံးကိုလေးစားလျက် ..

စိုင်းရှမ်းလေး

Friday, June 27, 2008

ရှိနေစေချင်သူတစ်ယောက်

မျှော်လင့်ချက်တစ်ခု၏ နောက်မှာ

အရာရာတွေဟာ ပြောင်းလဲသွား

တကယ်ဆို တမ်းတမိတိုင်း

မင်းနာမည်ကို ငါ ရေရွတ်နေမိတယ် ။

ထားရှိခဲ့တဲ့ ငါ့ရဲ့မေတ္တာတွေဟာ

မင်းအပေါ်မှာ နည်းနည်းလေးမှ

မပြောင်းလဲပဲ ဒီအတိုင်းရှိနေတယ် ...

မပြောင်းလဲတဲ့  အချစ်တွေ

မပြောင်းလဲတဲ့ အကြင်နာတွေ ဟာ

ထာဝရဒီအတိုင်းလေး ကျန်ရစ်နေခဲ့

မေးခွန်းတွေတိုင်း မင်းလေးဟာ

ပါဝင်နေခဲ့သလို နေရာတိုင်းမှာလဲ

မင်းလေး ဟာ ငါ့အတွက် တည်ရှိနေတယ်

လိုချင်တောင်းတမှု့ တွေ နဲ့ 

ပြည့်နက်နေတဲ့ ကိုယ့်ရဲ့အချစ်စိတ်တွေဟာ

အားလုံးမင်းလေး ကြောင့်ပဲ ဖြစ်နေမိတယ်

ကောင်မလေးရယ် .. ဘယ်တော့မှမခွဲပဲ

မင်းကို ငါ့ဘေးမှာ ထားရှိထားချင်တယ် ...

မင်းလေး နဲ့ အဝေးမှာ ရှိနေတိုင်း

မင်းလေးနာမည်လေးကို ရွှတ်ဆိုပြီး

တမ်းတမျှော်လင့် လွမ်းဆွတ်နေမိတယ် .....

Wednesday, June 25, 2008

အချစ် ဖယောင်းတိုင်လေး .......

ချစ်ရီတွေဟာ ဆောင်းတွင်းမှာ

အအေးဓာတ်လွန်ကဲစွာရမှ

ပွင့်သလိုပဲ .. ကိုယ့်ရဲ့အချစ်ဟာ

မင်းလေးနဲ့တွေ မှ ပြန်ချစ်တတ်လာခဲ့။

အချစ်ဆိုတဲ့ မေတ္တာတစ်ခုကို

ကိုယ်ရလိုက်ချိန်မှာ အပြုံးဆိုတဲ့

ပစ္စည်းတခုကိုပါ ထပ်ဆောင်းရလိုက်သလိုပဲ

တစ်ချိန်မှာ ဝေးနေခဲ့တဲ့ ကိုယ်တို့ နစ်ယောက်

တစ်ချိန်မှာ နီးစပ်ခွင့်ဆိုတာ ရှိလာမှာပါ။

အမှောင်ကမ္ဘာမှာ ရောက်ရှိနေတဲ့

ကိုယ့်ရဲ့နှလုံးသားတွေကို

အလင်းများ ပေးဆောင်ပြီး

ကိုယ်အချစ်ကိုယ် ပြန်လည်ရှင်သန်အောင်

လုပ်ဆောင်ပေးခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ့။

အသံတွေ တိတ်ဆိတ်နေတဲ့

ကိုယ့်ရဲ့ ငြီးငွေ့ ဖွယ်ဘ၀ထဲသို့ 

တေးသံစဉ်များ သယ်ဆောင်လာသူ

ချစ်သူရယ် မင်းလေးဟာ

ကိုယ့်နှလုံးသာရဲ့ ဖယောင်းတိုင်လေး တစ်ချောင်ပမာ

နှလုံးသားထဲသို့ အကြင်နာ အလင်းများ ပေးနေသူပါ။

Sunday, June 15, 2008

ကြင်နာသူ ချစ်သူဆီသို့ 

စာဆိုတိုင်း ပြောသည်

မုသားမပါ လင်္ကာမချောတဲ့ -

ဒါပေမဲ့ ချစ်သူရယ်

ကိုယ့်ရဲ့အချစ် နဲ့ မေတ္တာတွေဟာ

မုသားလုံးဝမပါဘူး။

ကဗျာ သည် ကာရံ နှင့်

အခြေခံထားသည်

ကိုယ့်အချစ်သည် လည်း

နှလုံးသား နှင့် အခြေခံထားပါတယ် ချစ်သူရယ်။

နောက်တစ်ချိန်မှာ မင်းလေး

သိရှိလာမဲ့ ကိုယ့်ရဲ့ အချစ်ကို

သဘာဝ အတိုင်း

တန်ဆာမဆင်ပဲ ပေးလိုက်ချင်မိတယ်။

လ၏ အလင်းသည် နေမှပြန်သောအလင်း

ကိုယ့်အချစ်သည်လည်း မင်းလေးကြောင့်

ဖြစ်ပေါ် လာခဲ့သည်။

မင်းလေး လိုချင်တဲ့ အချစ်မျိုးကို

တွေးတော မှန်းဆနေရင်း -

ချစ်သူရယ် ကိုယ့်အချစ်ကို

လက်ခံပြီး ကြို့ လင့်လှည့်ပါကွယ် ....

ခေါင်းစဉ်မရှိသော စာတစ်ပိုက်

မင်းအတွက် ငါပေးဆပ်ချင်တယ်

မင်းအတွက်နဲ့ပဲ ငါဟာ ရူးသွပ်နေခဲ့မိတယ်

မင်းလေးရှိမှ ငါ့ဘ၀ဟာ ပြည့်စုံလာမယ်

မင်းလေးဟာ ငါ့အတွက် အရာရာတိုင်းပါ

၁. ခံစားချက် ဆိုတာ မင်းလေး ငါ့ကိုပေးခဲ့တဲ့ အလွမ်းတေးတစ်ပုဒ်ပါ

၂. မျှော်လင့်ခြင်း ဆိုတာ မင်းလေးက ငါ့ကိုပေးခဲ့တဲ့ အချစ်လက်ဆောင်မွန်တခု

၃. ထာဝရ ဆိုတာကတော့ မင်းလေးကို ငါပေးဆပ်ချစ်ချင်ခဲ့တဲ့ နှလုံးသားမှ အချစ်လေးတခု

၎. တမ်းတခြင်း ဆိုတာ မင်းလေးငါ့ကို ပေးခဲ့တဲ့ ဆွေးမြေ့မှု့ တစ်ခုပါ ။

ကောင်မလေးရယ် ချစ်မိတာ အပြစ်ရှိပေမဲ့ ချစ်မိတဲ့ နှလုံးသားလေးကို တော့ခွင့်လွတ်ပေးဖို့ တောင်းဆိုချင်တယ် ...

တကယ်တော့ ငါဟာ အရူးတစ်ယောက်လို မင်းကို ချစ်နေမိတာ လား - ပြန်စဉ်းစားလိုက်တိုင်း အဖြေမရနိင်ခဲ့ဘူး

“ ချစ်တယ် ” လို့ တောင် ငါ့မှာမင်းလေး ကို မြင်တွေ့ ပြီးမပြောနိင်တဲ့ ဘ၀ မှာ ခံစားနေရတယ်ကွယ်။

တကယ်တော့ ဒါတွေဟာ မင်းလေး ကြောင့်လား ၊ ငါ့ကပဲ ချစ်နေမိတဲ့ အချစ်ကြောင့်လား ?

မင်းနဲ့ အတူ ပျော်ရွှင်ချင်မိတယ် ချစ်သူရယ် - မင်းလေးရဲ့အနားမှာ အဖော်လေး တစ်ယောက် အဖြစ်နဲ့ပေါ့။

ချစ်တဲ့ စိတ်ကို ငါထိန်းချူပ်နိင်ပေမဲ့ နှလုံးသားရဲ့ ခံစားချက်ကိုကျတော့ အရမ်း ထိန်းချူပ်ရခက်တယ်

မင်းလေး သိစေချင်မိပေမဲ့လို ကိုယ် ဖွင့်မပြောရဲ့ဘူး ကွယ် - လက်တွေ ငါတို့ နစ်ယောက် တွေမိခဲ့ရင်

စိမ်းကားနေမလား - မပြောချင်မိတဲ့ စကားတွေကိုပဲပြောနေမှာ လားဆိုတာ ငါတွေးကြောက်နေမိတယ်။

ချစ်မိတယ် - ကြင်နာသူရယ်

နလုံးသားချင်း ဆက်ပြီးချစ်နေချင်တယ်

မင်းကိုလေ အတိုင်းအတာမရှိတဲ့ ချစ်ခြင်းလေး ပေးချင်တယ် ချစ်သူရယ် ....

မင်းလေးမသိတဲ့ ငါ့ရဲ့အချစ်ကို ပြချင်တယ် ......... ( ကောင်မလေး တစ်ယောက် အတွက် )

ရာစုနစ် တခုအတွက် ချစ်ခြင်းလေးတစ်ဗုဒ်

အားလုံးကို ချစ်နိင် ရင်လေ - ကိုယ့်ဆီမှာ အသည်းနလုံးဆိုတာ ရှိမှာမဟုတ်တော့ဘူး

ဒါပေမဲ့ မင်းလေး နဲ့ တွေ့ မိခဲ့တဲ့အချိန်တိုင်း မင်းကို စွဲလမ်းနေမိပြီ

ထားရှိခဲ့ တဲ့ နလုံးသားချစ်ခြင်းလေး တစ်ခုဟာ မင်းလေးအတွက် ချစ်ခြင်းလေးတစ်ခုပေါ့

ရင်ခုန်မိတိုင်း မချစ်ခဲ့တာမှန်ပေမဲ့  မင်းလေး နဲ့တွေ့ လိုက်တိုင်း မင်းကိုချစ်မိနေတာ ကတော့ အမှန်ပါပဲကွယ်

မင်းလေးနဲ့ နီးချင်နေတယ် - မင်းလေးကို ကိုယ့်ရဲ့ အချစ်တွေ ပေးလိုက်ချင်တယ်

ချစ်တတ်ခြင်းသည် အပြစ်လို့ ယူဆလျှင် ဒီကမ္ဘာ မှာ မည်သူချစ်တော့မည်နည်း

ချစ်မိ၍ လည်း အပြစ်မဆိုစေချင် မင်းလေးနဲ့ တွေလို့ ချစ်မိခဲ့တဲ့ ကိုယ်ဟာ နှလုံးသားနဲ့ချစ်မိသူပါ

ဖြူစင်သော ကိုယ့်ရဲ့ ခံစားချက် အချစ်မေတ္တာတွေကို မင်းလေး သိလျှင် ချစ်မိတဲ့ ကိုယ့်ကို ပြန်ချစ်မှလား

ချစ်ခြင်းရဲ့နောက်မှာ ဘာရှိမှန်းမသိပေမဲ့ ကိုယ်ဟာ မင်းလေးကို ဆက်ချစ်နေမှာ အမှန်ပါပဲ ကောင်မလေးရာ

ရာစုနစ်တစ်ခုအတွက် ချစ်ခဲ့ခြင်းလေး လို့ သတ်မှတ်ပြီး ကိုယ့်အချစ်ကို လက်ခံသိမ်းထားပေးပါ

မင်းလေး ကိုယ့်ရင်ခွင်ထဲ့ ရောက်တဲ့ တစ်နေ့ ကျရင် ကိုယ့်နလုံးသားကို မင်းလေးအတွက်ပုံအပ်ပြီး ပေးထားလိုက်ချင်မိတယ် ကောင်မလေးရယ် ... ... ချစ်မိနေပြီကွယ် .......

Tuesday, June 10, 2008

မမျှော်လင့်ထားသော ချစ်ခြင်း

ချစ်သူ မင်းသည် ငါ့၏အသည်းနှလုံးထဲကလူ
ချစ်မိခဲ့လို့ မင်းကို တမ်းတနေမိသည်
တမ်းတ၍ မျှော်လင့်မှု့ ဆိုတာ ဖြစ်ပေါ်လာသည်
တကယ်တော့ မင်းကိုချစ်မိ့ခဲ့တာ ဘာအတွက်ကြောင့်လဲ ?
မျှော်လင့်ထားသော ချစ်ခြင်းမျိုးနှင့် မဟုတ်ပဲ
မင်းကို ကိုယ့်စိတ်၏ မသိရှိသေးသော ချစ်ခြင်းများနှင့်ချစ်သည်
ကြင်နာသူနှင့် အဝေးမှာရှိသည့် အချိန် မင်းကို သတိရသည်
မင်းအတွက်ကြောင့်နှလုံးသားလေး ပြန်လှည်ပတ်နေပြီ
မင်းဟာ ငါ့အတွက် လှိုင်ဂူထဲက အလင်းတိုင်တခုပါ
ထာဝစဉ်ချစ်ခြင်းမျိုးနဲ့ မင်းကို ချစ်မိတယ် ချစ်သူရယ်
မျှော်လင့် တောင်းတမထားတဲ့ အချစ်မျိုးကို ကိုယ်ရရှိလိုက်တယ်
တကယ်တော့ကြင်နာသူလေးရာ မင်းအတွက်တော့ နှလုံးသားထဲက
နေရာတစ်နေရာ ဟာထာဝစဉ် တည်ရှိနေမှာပါ .......

တောင်းဆိုမှု့ တွေ မပါတဲ့ ကိုယ့်ရဲ့ အချစ်ကို မင်းလေးသိပါ့မလား ?
မင်းကိုတမ်းတမိတိုင်း ကိုယ့်ရဲ့အ
ချစ်တွေ ပိုလာတာရောမင်းလေး သိမှာလား
တက်မက်မှု့ တောင်းတမှု့  မရှိတဲ့ ကိုယ့်အချစ်ကို သူ လက်ခံမှာလား

မေးခွန်းများနဲ့ တစ်ယောက်တည်းတွေးရင်း မင်းကို ချစ်နေတယ် ချစ်သူရယ်